CASE ဆောက်လုပ်ရေး စက်ယန္တယားထုတ်လုပ်ရေးလုပ်ငန်းသည်
ကြီးစွာဂုဏ်ယူဖွယ် ယုံကြည်ကိုးစားဖွယ် နှစ် ၁၈၀ သမိုင်းရှိသည့်
ကုမ္ပဏီဖြစ်ပါသည်။ ကုမ္ပဏီ ထူထောင်သူ J.I CASE ၏ လက်တွေ့ကျသည့်
တီထွင်ဉာဏ်ကို အားပြု၍ ၁၉ရာစုနှောင်းပိုင်းတွင် ရေနွေးငွေ့ အင်ဂျင်နယ်ပယ်၌
လုပ်ငန်းစတင်ခဲ့ပြီး၊ နောက်ပိုင်း ဆယ်စုနှစ်များအတွင်းတွင် ကုမ္ပဏီသည်
လမ်းဖောက်ရေးစက်ယန္တယားများကို ဦးဆောင်တီထွင်ထုတ်လုပ်ခြင်းဖြင့်
ကမ္ဘာကြီးကို ကူညီလမ်းခင်း အလှဆင်ပေးခဲ့ပါသည်။
နှစ်ဆယ်ရာစုအစောပိုင်းတွင် CASE သည် ကမ္ဘာ့ထိပ်တန်းဆောက်လုပ်ရေးယန္တယား
ထုတ်လုပ်ရေးလုပ်ငန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ CASE သည် ယနေ့တိုင်
ကျွန်ုပ်တို့၏လုပ်ငန်းကို အဆင်ပြေစွာ ဆက်လက်တိုးချဲ့လျက်
ကုမ္ပဏီဂုဏ်သတင်းနှင့် ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးကို တည်ဆောက်လျက်ရှိပါသည်။