မည်သည့်စက်မောင်းမဆို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော အလုပ်လုပ်သည့် နည်းလမ်း ၃ခု ပါဝင်သည့် စနစ် ခလုပ်ကို တပ်ဆင်ထားသည်။
A နည်းလမ်း - မြေညှိခြင်း၊ မ တင်ခြင်းနှင့် တိကျသည့် အနုစိတ်လုပ်ငန်းများအတွက်
H နည်းလမ်း - လုပ်ငန်းပြီးမြောက်မှုနှင့် ဆီစားမှုနှုန်းကြား အကောင်းဆုံးဟန်ချက်ညီ အနေအထား
SP နည်းလမ်း - လိုအပ်ချက်အရ လုပ်ငန်းလုပ်ဆောင်မှုအမြင့်ဆုံးနှင့် အမြန်ဆုံး ရရှိရန် အမြန်နှုန်းနှင့် ပါဝါကို ပိုမို အသုံးချခြင်း။
အော်တိုပါဝါဘု(စ်): လုပ်ငန်းဆောင်ရွက်ချက်၏ တောင်းဆိုချက်အရ အလိုအလျောက် ဟိုက်ဒရောလစ်စွမ်းအား ကို တိုးမြှင့်ပေးခြင်းဖြစ်သည်။ တိုးတက်လာသော ဟိုက်ဒရောလစ်စနစ်သည် အမ်းနှင့် ဘကက်တို့မှ ကုတ်နိုင်၊ ကော်နိုင်၊ တူးနိုင်သည့်စွမ်းအား၊ မြင့်မားသော (swing) လည်နှုန်း၊ swing ရုန်းအား စသည်တို့ကို ထုတ်ပေးပြီး အကျိုးဆက်အနေဖြင့် လုပ်ငန်းလည်ပတ်မှုအချိန်ကို မြန်ဆန်စေခြင်းဖြစ်သည်။ ဆီစားသက်သာမှု၊ လုပ်ငန်းလုပ် ဆောင်ရန်အတွက် ကြာချိန်နှင့် ကုန်ကျမှုတို့မှ အကျိုးအမြတ်ရရှိရန် စဉ်းစားတွက်ချက်မှုတို့ကို လျှပ်စစ်နည်းပညာ ထိန်းချုပ်မှုဖြင့် အမြန်နှုန်းနှင့် ပါဝါစွမ်းအားကို လုပ်ဆောင်စေသည်။